ROUND LAB 1025 Dokdo Lotion 200ml
ROUND LAB ရဲ့ 1025 Dokdo Line က ထုတ်ကုန်တိုင်းလိုပဲ ဒီ Lotion လေးကလည်း အသားအရေအတွက် အရမ်းကောင်းတဲ့ ပစ္စည်းလေးတစ်ခုပါ။ သူက Moisturizer (အစိုဓာတ်ထိန်းခရင်မ်) တစ်မျိုးဖြစ်ပြီး ပေါ့ပါးတဲ့ Lotion အမျိုးအစား ဖြစ်ပါတယ်။ အသားအရေကို နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးပြီး သက်သာစေဖို့ အဓိက ရည်ရွယ်ပါတယ်



Hotline Order:
Mon - Fri: 08AM - 07PM
(+95) 9428821102
ဘယ်လို အသားအရေ အမျိုးအစားတွေအတွက် သင့်တော်လဲ။
ROUND LAB 1025 Dokdo Lotion ဟာ အသားအရေ အမျိုးအစားအားလုံး (All Skin Types) အတွက် သင့်တော်ပါတယ်။
- ထိခိုက်လွယ်သော အသားအရေ (Sensitive Skin): ညင်သာတဲ့ ဖော်မြူလာနဲ့ မွှေးရနံ့ကင်းတာကြောင့် အထူးသင့်တော်ပါတယ်။
- ခြောက်သွေ့သော အသားအရေ (Dry Skin) နှင့် ရေဓာတ်ခန်းခြောက်သော အသားအရေ (Dehydrated Skin): နက်ရှိုင်းစွာ ရေဓာတ်ဖြည့်ပေးနိုင်လို့ ခြောက်သွေ့ခြင်း၊ တင်းရင်းခြင်းကို သက်သာစေပါတယ်။
- အဆီပြန်သော အသားအရေ (Oily Skin): ပေါ့ပါးတဲ့ Texture ကြောင့် အဆီပြန်သူတွေလည်း စေးကပ်မှာ မပူရဘဲ သုံးလို့ရတယ်။ အဆီထိန်းပေးတဲ့ အာနိသင်လည်း ပါဝင်ပါတယ်။
- ဝက်ခြံထွက်တတ်သော အသားအရေ (Acne-prone Skin): Non-comedogenic ဖြစ်လို့ ချွေးပေါက်ပိတ်ဆို့မှု မဖြစ်စေပါဘူး။
- ပုံမှန်အသားအရေ (Normal Skin) နှင့် ပေါင်းစပ်အသားအရေ (Combination Skin): နေ့စဉ်သုံးဖို့ အရမ်းကောင်းတဲ့ Moisturizer တစ်မျိုးပါပဲ။
ဘယ်လို အသုံးပြုရမလဲ။
- မျက်နှာသစ်ပြီး Toner နဲ့ Serum တို့ကို အသုံးပြုပြီးနောက် Skincare Routine ရဲ့ နောက်ဆုံးအဆင့်အနေနဲ့ အသုံးပြုပါ။ (ဒါမှမဟုတ် Cream မလိမ်းချင်ဘူးဆိုရင် Lotion နဲ့ပဲ အဆုံးသတ်နိုင်ပါတယ်)
- Lotion ကို လက်ဖဝါးပေါ်မှာ လုံလောက်တဲ့ ပမာဏယူပြီး မျက်နှာနဲ့ လည်ပင်းအနှံ့ ညင်သာစွာ လိမ်းကျံပေးပါ။
- အသားအရေထဲကို ကောင်းစွာစိမ့်ဝင်သွားအောင် ညင်သာစွာ နှိပ်နယ်ပေးပါ။
- မနက်ပိုင်းနှင့် ညနေပိုင်း Skincare Routine နှစ်ခုလုံးတွင် အသုံးပြုနိုင်ပါတယ်
Add your review
Your email address will not be published. Required fields are marked *
Please login to write review!
Looks like there are no reviews yet.